မွန်းကျပ်နေတာတွေကို ပြေရာပြေကြောင်း နဲ့  ကျနော့်ရဲ့ မှတ်စုလေးအဖြစ်ဒီဘလော့လေးကိုပြုလုပ်ထားတာပါ။အမှတ်တမဲ့ေ၇ာက်လာတဲ့သူငယ်ချင်းများသီးခံ ခံစားပေးမယ်လို့ မျှော်လင့်ပါတယ်.........................အဝေးကလူ

Friday 24 August 2012

မေတ္တာတစ်ခု သံယောဇဉ်တစ်ခုဖြစ်လာပြီဆို......
သူ့ မှာသဘာဝ သဘောတ၇ားခံစားချက်နှစ်ခုပဲရှိတယ်လို့ ထင်တယ်..
ဘယ်သံယောဇဉ်ဖြစ်ဖြစ်ပေါ့......
  ခံယူချင်တာနဲ့ ပေးဆပ်ချင်တာ....
 ငါနင့်အပေါ် ချစ်ခဲ့မိသမျှ နဲ့ ငါနင့်အပေါ် ...
ငါခံစားခဲ့သမျှ  ဆက်ဆံပြောဆိုခဲ့သမျှ အဲဒီသဘာဝလေးထဲမှာပဲရှိခဲ့တယ်လို့ ထင်တယ်...
ငါမိသားစုကိုငါချစ်တော့ ငါမိသားစုကို အမြဲတမ်းတတယ်....အတူတူမိသားစုလေးနဲ့ တစ်မိုးအောက်တည်းနေရတဲ့ ..နေရမယ့်အချိန်တွေကို တောင်းတတယ်...ကြိုးစားတယ်...မိသားစုရဲ့ ပြုစုယုယ ကြင်နာမှုတွေခံယူရင်းပေါ့..အဲဒါရယူချင်တဲ့ စိတ်...
 နောက်တစ်ခုက မိသားစုအတွက်ကြိုးစားတယ်..ဖြည့်စည်းပေးချင်တယ်...လိုသမျှ နဲ့ တတ်နိုင်သမျှ အမြင့်ဆုံးထားချင်တယ်...ပြုစုချင်တယ်..ယူယချင်တယ်.ကြင်နာချင်တယ်...လိုအပ်သမျှပေးချင်တယ်...
အဲဒါကပေးဆပ်ချင်တဲ့ စိတ်...
အဲဒီစိတ်နှစ်ခုက လူတစ်ယောက်ဟာ..စိတ်နဲ့ ခန္ဓာ ခွဲမရအောင်တွဲနေမှ လူလို ဖြစ်နေသလို ..အဲဒီနှစ်ခုတွဲနေတာလဲ မေတ္တာ သံယောဇဉ်ပဲ
သံယောဇဉ်ကြီးလေ..အဲဒီစိတ်ကြီးလေပဲ....
တစ်ချို့ တလေက တစ်ခုပဲ အသက်ဝင်နေသလိုဖြစ်တယ်.. အကြောင်းကြောင်းတွေကြောင့်တစ်ခုပဲ အစကတဲကအသက်ဝင်သလိုဖြစ်ပေမဲ့ အတွင်းမှာ ငြိမ်သက်ကျန်ခဲ့တဲ့ တစ်ခုက ရှိကိုရှိနေလိမ့်မယ်....

No comments:

Post a Comment